မိုင်းရယ် ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် လက်ကမ်းစာစောင်နှင့်ပိုစတာများဖြန့်ဝေခြင်းကို ယမန်နေ့က မြို့မဈေးကြီးနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်လဝကဦးစီးမှူးဦးစိုးနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်ရေးအသင်းမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက မြို့မဈေးကြီးရှေ့နှင့်ဈေးကြီးအတွင်း ခရီးသွားပြည်သူများနှင့် ဈေးသူဈေးသားများကို လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ လမ်းဆုံလမ်းခွများ၊ လူစည်ကားရာရပ်ကွက်များ၊ စားသောက်ဆိုင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ဘုတ်တို့တွင် ပိုစတာများကပ်ခြင်းစသည်တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာ(၁)ရက်မှ (၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)