ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာသူ နှစ်သောင်းကျော်ထိရှိ

တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျှက်ရှိကာ ဘုရားဖူးလာရောက်သူ နှစ်သောင်းကျော်ခန့် လာရောက်ဖူးမြှော်လျှက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့တွင်မြို့နယ်ပညာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းနှင့် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းတို့ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ​မြို့နယ်ပညာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးဘောလုံးအသင်းတို့ ချစ်ကြည်ရေဘောလုံးယှဉ်ပြိုင်ကစားခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကစားကြသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း၂၉၃၆ဦးအား ဆန်နှင့်ဆီများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များအသင်းဝင်ဆန်စက်နှင့်ဆီအရောင်းဆိုင်များမှ  ယမန်နေ့မွန်းလွဲ၁နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆန်နှင့်ဆီများ ရောင်းချပေးခဲ့သည်။

ဟိုပုံးမြို့နယ်၌ မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီဝင်များအား နိုင်ငံရေးပါတီဝင်အင်အားများစိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မှတ်ပုံတင်ခွင့် ပြုထားသော နိုင်ငံရေးပါတီဝင်များအား နိုင်ငံရေးပါတီဝင်အင်အားများစိစစ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လအနည်းငယ်ဖြင့် ဝင်ငွေရရှိသည့် ပြောင်းဖူးအား ရာသီမရွေးစိုက်ပျိူးအောင်မြင်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပေါက်ကုန်း၊ ကျောင်းကုန်းကျေးရွာများတွင် လအနည်းငယ်ဖြင့် ဝင်ငွေရရှိသည့် ပြောင်းဖူးအား ရာသီမရွေးစိုက်ပျိူးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့် ဆီများ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ ပုဗ္ဗသီရိမြို့၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး  ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

တောင်တွင်းကြီးမြို့နယ် တရုတ်ကောမူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ တရုတ်ကော မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။

မအီမြို့၌ သံဃာတော်(၇၆)ပါးတို့အား ဥပုသ်နေ့ အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်(၇၆)တို့အား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယနေ့ တော်သလင်းလပြည့်နေ့ နံနက်အရုဏ်တက်ချိန်က မအီမြို့အမှတ်(၃)ရပ်ကွက်၊ တောင်ကုတ်-မအီလမ်းမ၊ အရုဏ်ဆွမ်းလောင်းအသင်းတည်ရှိရာ၌ ကုသိုလ်ပြု လောင်းလှူခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် သံဃာတော်(၇၆)ပါးတို့အား ဝါတွင်းဆွမ်းတော်ကြီး လောင်းလှူ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တော်သလင်းလပြည့်နေ့  ယနေ့နံနက် ၇ နာရီခွဲအချိန်က သံဃာတော် (၇၆)ပါးတို့အား ဝါတွင်း ဆွမ်းတော်ကြီးလောင်းလှူပွဲကို ငဖဲမြို့၊ ပဒါန်းကျေးရွာ အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလောင်းလှူခဲ့ကြသည်။

တောင်သာမြို့နယ်တွင် Geophysical Survey တိုင်းတာခြင်းများ ဆောင်ရွက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ အနက် ပန်းတိုင် ၆ အရ ၂၀၃၀ ပြည့်နှစ်တွင် လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး၊ စဉ်ဆက်မပြတ် စီမံခန့်ခွဲမှု ဖြစ်ပေါ်စေရေးအတွက် နှစ်စဉ်ရန်ပုံငွေအလိုက် ကျေးလက်ရေရရှိရေး လုပ်ငန်းများကို လျာထားဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ လျာထားတင်ပြမည့် ကျေးရွာ ၆ ရွာတွင် မြေအောက်ရေ ရရှိနိုင်စွမ်း (Geophysical Survey) တိုင်းတာခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to