ရန်ကုန်တိုင်းဒေသကြီး၊ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် သဘာဝရေပြင် ဇီးဖြူကုန်းချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား တွံတေးမြို့နယ်၌ ကျင်းပ

တွံတေး ဇွန် ၁၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ရန်ကုန်တိုင်းးဒေသကြီး၊ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(တွံတေး)တွင် ငါးသယံဇာတထိန်းသိမ်းခြင်းဖြင့် စဥ်ဆက်မပြတ် ငါးလုပ်ငန်းဖွံဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများ ငါးရိက္ခာ ဖူလုံစေရန်နှင့် လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စုရှိ ဇီးဖြူကုန်းချောင်း သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါ ငါးသိပ္ပံဝင်းအတွင်းရှိ သဘာဝရေပြင် ဇီးဖြူကုန်းချောင်းနံဘေး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားပြီး ငါးသယံဇာတများ တိုးတက်စေရေးအတွက် ငါးမျိုးစိုက်ထည့်​​ကြရာ ရန်ကုန်တိုငိးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တွံတေးခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တွံတေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သုတအောင်၊ တွံတေးမြို့နယ်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ ငါးလုပ်ငန်း အတတ်သင်သိပ္ပံသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ခဲ့ကြပြီး (၂)လက်မအရွယ် ထိုင်းငါးခုမ်းကြီး(၆၀၀၀၀)၊ ငါးရွှေဝါ(၇၀၀၀၀)၊ ငါးမြစ်ချင်း(၇၀၀၀၀) စုစုပေါင်း ငါးကောင်ရေ (၂၀၀၀၀၀)ကို ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး ငါးစားသုံးမှု မြင့်မားလာစေရေးအတွက် သဘာဝရေပြင် ဇီးဖြူကုန်းချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား