လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ် သန်လျင်ခရိုင်၌ ဖွင့်လှစ်

သန်လျင် ဇွန် ၁၈

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လူထုအသိပညာပေး ဆိုင်းဘုတ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့၌ ကျင်းပသည်။

အစီအစဉ်အရ မင်္ဂလာအချိန်တွင် အသိပညာပေး ဆိုင်းဘုတ်အား  သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေလဲ့ဝါသွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဆိုင်းဘုတ်အား အမွှေးနံသာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများအား အမှတ်တရလက်ဆောင်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)