ကြက်ခြေနီ အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ပူးပေါင်း ကျင်းပသော ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(နည်းပြ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel တွင်ကျင်းပရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Cooperation Coordinator, Ms. Bonny က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များပြသခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ပေါင်းတည်မြို့နယ် အ.ထ.က(မင်းကွက်)၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟော​ပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အ.ထ.က(မင်းကွက်)သို့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်​လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဟိုမိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဟိုမိန်းမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာစိုင်းခေးရွက်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ‌နှင့် သူနာပြုသားဖွား သင်တန်းကျောင်း (လွိုင်ကော်) ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြန်လည်တည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်သော လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုနှင့် သူနာပြုသားဖွား သင်တန်းကျောင်း (လွိုင်ကော်) ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ နေရပ်ပြန် ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။

ဟိုမိန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ဟိုမိန်းမြို့တိုက်နယ်ဆရာဝန် ဒေါက်တာစိုင်းခေးရွက်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့က မြစ်ကြီးနားမြို့ အခြေခံပညာမူလတန်းကျောင်း (၃) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၄၂၁) ဦးတို့အတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများ လှူဒါန်းပေးအပ်

ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများရှိ မူလတန်းကလေးများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများကို ယမန်နေ့နံနက် (၁၀) နာရီက သွားရောက်လှူဒါန်းခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် “ခခူး” ရိုးရာအဝတ်အထည်ရက်ကန်းရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ပေါ် ယာယီတိမ်းရှောင်စခန်းနေပြည်သူများ လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်ရှိ “ခခူး” ရိုးရာအဝတ်အထည်ရက်ကန်းရုံသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Subscribe to