ပင်လုံမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန "သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)" သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပင်လုံ ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန "သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌဦးကံစောလှိုင်မှ သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာရွှေမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် သင်တန်းသား/သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ကာ သင်တန်းဖွင့်ပွဲအခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ မြို့နယ်အဆင့်/မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် ပရဟိတအသင်းအဖွဲ့များ တက်ရောက်ခဲ့ပါသည်။

အဆိုပါ သင်တန်းကာလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝေါဟာရများ၊ အဖွဲ့လိုက်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံဘေးအန္တရာယ်များအကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ လူမူဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်အကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ ရာသီဥတုပြောင်းလဲခြင်းနှင့်ဘေးအန္တရာယ်များ၊ ရပ်ရွာလူထုအခြခံသောဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ဘေးအန္တရာယ်နှင့်ဖွံ့ဖြိုးတိုးတက်မှု၊ မိုးဇလနှင့်ကြက်ခြေနီစသည့် သင်ခန်းစာ​အကြောင်းအရာများကို  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကြက်ခြေနီတို့မှ အသီးသီးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ(၃၀)ဦးတက်ရောက်၍ သင်တန်းကာလမှာ ဇွန် (၁၈)ရက်နေ့မှ(၂၀)ရက်နေ့ထိဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)