ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များပြသခြင်း ဆောင်ရွက်

ရေကြည် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဟောပြောပွဲ၌ အ.ထ.က(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင်က လူငယ်နှင့်မူးယစ်ဆေး သိကောင်းစရာများကိုလည်းကောင်း၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နှင်းနှင်းအေးက လူငယ်နှင့်အားကစား၊ စားသုံးသူရေးရာဦးစီးမှူး ဒေါ်ချယ်ရီမြင့်က လူငယ်နှင့်အစားအသောက်ဆိုင်ရာ အသိပညာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အားကစားပစ္စည်းပေးအပ်လှူဒါန်းခြင်းနှင့် (EIM)ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အစီအစဉ်ပြုလုပ်ကျင်းပရာ အဆိုပါအခမ်းအနားသို့ ကျောင်းသား/သူစုစုပေါင်း (၂၆၇)ဦးခန့် တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မေသန့်ဇင် ရေကြည်(ပြန်/ဆက်)