ရွှေတောင်မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျေးရွာ မီးလင်းရေးကော်မတီတို့ပူးပေါင်း၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျီးသဲကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။