ပေါင်းတည် ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အ.ထ.က(မင်းကွက်)သို့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ဝင်းမြသန်းက သုံးရာသီ စက္ကူပြဇာတ်ကို ပြသပေးသည်။
ယင်းနောက် ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများဖတ်ရှုရန် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါသိကောင်းစရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)