မိုင်းပျဉ်း ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ဌာနဆိုင်ရာများပူးပေါင်း၍ မြို့မဈေးတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ဖြန့်ဝေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် ရုံးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ခေတ္တမြို့နယ်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ရှမ်းဘာသာဖြင့် ထုတ်ဝေသည့် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်များကို မြို့မဈေးရှေ့ မြို့ပတ်လမ်းပေါ်သို့ ဖြတ်သန်းသွာလာနေသည့် မိဘပြည်သူများ၊ မြို့မဈေးရှိ ဈေးရောင်း ဈေးဝယ်များအား စောင်ရေ ၅၀၀ ကို(အခမဲ့) ဖြန့်ဝေပေးခြင်း၊ ပညာပေးပြောကြားခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်မှ(၁၅)ရက်နေ့အထိ ကောက်ယူမည့်အခြေအနေ၊ ပြည်သူများ သိရှိလိုသည့်အချက်များ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် မေးခွန်းများမေးမြန်းခြင်း၊ ပြည်သူများမှမေးခွန်များကို ဖြေဆိုရမည့်အချက်များပါရှိကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)