ရွှေတောင် ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျေးရွာ မီးလင်းရေးကော်မတီတို့ပူးပေါင်း၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျီးသဲကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းများ၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဇာနည်ဝင်းနှင့်ဝန်ထမ်းများ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့် ကျေးရွာနေပြည်သူများက လျှပ်စစ်မီးရရှိပြီး ကျေးရွာများဖြစ်သည့် ကျီးသဲကျေးရွာ၊ အိုးဘိုကုန်းကျေးရွာ၊ ကြပ်ကြီးကုန်းကျေးရွာနှင့် မင်းရပ်ကုန်းကျေးရွာများ၏ ကျေးရွာချင်းဆက်လမ်းများတွင် ပျိုးပင်အမျိုးအစား (၁၈)မျိုးပါဝင်သော စုစုပေါင်း ပျိုးပင် (၇၅၈)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)