ကျိုင်းတုံမြို့၌ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကျိုင်းတုံ ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်ရှိ အခြေခံပညာကျောင်းပေါင်းစုံ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

လူငယ်များ ကာယ်၊ ဉာဏ၊ ဘောဂ၊ စာရိတ္တ၊ မိတ္တဗလများ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များဖြင့် လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး စာစီစာကုံးပြိုင်ပွဲကျင်းပရာ ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)