မိုးကုတ်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံပြိုကျ၍ လူနေအိပ်ခန်း (၁)ခန်း နံရံပြိုကျ

မိုးကုတ် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် (၁၈..၂၀၂၄)ရက်နေ့ (၁၄:၃၀)အချိန်က မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းတံတားရပ်ကွက်၊ နယ်မြေ(၆)ရှိ သွပ်မိုး၊ နံရံကပ် (၂၅×၂၀) ပေ()ထပ် အဆောက်အဦတွင် တောင်ကမ်းပါးယံမြေသားပြိုကျ၍ လူနေအိပ်ခန်း(၁)ခန်း နံရံပြိုကျခဲ့ကြောင်း သိရသည်။

မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံပြိုကျသည့်နေရာသို့ မိုးကုတ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်မိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီရှင်း လင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ တောင်ကမ်းပါးယံပြိုကျမှုကြောင့် သွပ်မိုး၊ နံရံကပ်(၁)ထပ် အဆောက်အဦ၏ လူနေအိပ်ခန်း နံရံ(၁၀×၁၃)ပေ ပြိုကျပျက်စီးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇင်မင်းမောင်(ပြန်/ဆက်)