တောင်တွင်းကြီး ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre)တွင် ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါစာအုပ်/စာစောင်ပြပွဲအား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တောင်တွင်းကြီးမြို့နယ်အတွင်း ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ မြို့နယ် ပြည်သူ့စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထမှ အလေ့ အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဗဟုသုတကြွယ်ဝစေရန်နှင့် စာအုပ်စာစောင်များအား တန်ဖိုးထားတက်စေရန်ရည်ရွယ်၍ စာအုပ်/စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အလုပ်တာဝန်များဖြင့် မအားလပ်၍ လာရောက်မဖတ်ရှုနိုင်သည့် စာပေချစ်မြတ်နိုးသူများအတွက်လည်း mobile library စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစာအုပ်စာစောင်ပြပွဲတွင် သုတ၊ ရသ၊ ရုပ်ပြ စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတ ရရှိစေမည့် စာအုပ်များကိုလည်း ခင်းကျင်းပြသခဲ့ပြီးကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များနှင့်လူငယ်လူရွယ် (၅၀)ဦးခန့်က စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)