သာယာဝတီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြသခြင်းဆောင်ရွက်

သာယာဝတီ ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီက ပန်းဆွဲအုပ်စု အ-ထ-က (ကျပ်ချောင်း) ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းရီက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာ‌ပေများကို ဖတ်ကြရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းနှင့် လူငယ်‌ရေးရာအသိ‌ပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ဓာတ်ပုံကျွမ်းကျင်-၂ ဦးသန့်ဇော်ဦးနှင့် အငယ်တန်းစာရေး ဒေါ်သဲနုအေးတို့က ကျောင်းသား/ ကျောင်းသူများအား အသိပညာတိုးပွားမည့် ရုပ်ပုံပြဇာတ်နှင့် ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့် ပုံပြင်‌ပြောပြခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်များအား ဖတ်ရှု‌စေရန်ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှု လေ့လာကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)