မိုင်းနောင်မြို့တွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

မိုင်းနောင် ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာရရှိစေရန်အတွက် နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များကို ယနေ့ နံနက်(၉)နာရီအချိန်က သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော အထက်တန်း၊ အလယ်တန်း၊ မူလတန်းရှိ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်ရှိန်များ မြင့်မားလာစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင် များကို သွားရောက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အ.ထ.က မိုင်းနောင်ကျောင်းသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)