မိတ္ထီလာ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်အားကစားခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာဗိုလ်လုပွဲများကို ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် သတ္တဗေဒအသင်းအား ဓာတုဗေဒအသင်း က လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ရူပဗေဒအသင်းအား သင်္ချာအသင်းကလည်းကောင်း အနိုင်ရဗိုလ်စွဲသွားကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ဓာတုဗေဒအသင်းနှင့် အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှခဲ့သည့် သင်္ချာအသင်းတို့အား ဆုကလပ်များကို ပါမောက္ခချုပ်ဒေါက်တာ ဘဟန်ကလည်း၊ အဆိုပါပထမဆုရ အသင်းနှစ်သင်းမှ ပြိုင်ပွဲဝင်အသင်းသား၊ အသင်းသူများအား တစ်ဦးချင်ဆုတံဆိပ်များကို ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်လင်းတို့ ကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ဒုတိယဆုရ သတ္တဗေဒ၊ တတိယဆုရ အရှေ့တိုင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရ ရူပဗေဒ၊ တတိယဆုရ ဓာတုဗေဒသ အသင်းတို့မှ ပြိုင်ပွဲဝင်အသင်းသား၊ အသင်းသူများအား တစ်ဦးချင်းဆု တံဆိပ်များနှင့် ပြိုင်ပွဲများတွင် အကောင်းဆုံး အားကစားဆုရရှိသူများအား ဆုကလပ်များကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ဇွန်လ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး အမျိုးသားပြိုင်တွင် ပြိုင်ပွဲဝင် ၁ဝ သင်းနှင့် အမျိုးသမီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၈ သင်း ပါဝင်ယှဉ် ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ချမ်းသာ