ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် ဇွန် ၁၉

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ သက်ဦးခင် ရေးသားသည့် “ပန်းတစ်ပွင့်လန်းစွင့်ခဲ့ပြီ” စာအုပ်မှ အကြောင်းအရာကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြ သည်။

စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာမသည် လူငယ်များ အတုယူနိုင်စေရန် ရည်ရွယ်၍ ရေးထားခြင်းဖြစ်ပါကြောင်း၊ ကျောင်းစတင်နေသည့်အရွယ်မှ စတင်ကာ ဘွဲ့ရသည်အထိ မိဘများ၏ပျိုးထောင်မှု၊ သွန်သင်မှုများကို တွေ့မြင်နိုင်ပါကြောင်း၊ မိမိတို့လူငယ်များသည်လည်း ရည်မှန်းချက်ရှိရန်လိုပါကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)