ပျော်ဘွယ်မြို့နယ်၊ ရန်အောင်ကျေးရွာတွင် နွားစာသိုလှောင်သည့် ဂိုထောင်တစ်လုံး မီးလောင်မှုဖြစ်ပွား

ပျော်ဘွယ် ဇွန် ၁၉

ပျော်ဘွယ်မြို့နယ်၊ ရန်အောင်ကျေးရွာတွင် ယနေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က နွားစာသိုလှောင်သည့် ဂိုထောင်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ နွားစာသိုလှောင်သည့်ဂိုထောင်အတွင်း မီးသွေးများကို သိုလှောင်ထားရာ အခန်းတွင်း Latent Heat ဖြစ်ကာ သိုလှောင်ထားသည့် နွားစာနှင့်မီးသွေးများလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်နေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်များ၊ အနီးဝန်းကျင်မှပြည်သူများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့်စုံစမ်းစစ်ဆေးမှု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)