ရွှေတောင်မြို့နယ် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း အဆောင်နေ(ညအိပ်) ကျောင်းသား၊ ကျောင်းသူများအား ဆန်/ ဆီရိက္ခာ ထောက်ပံ့ပေးအပ်

ရွှေတောင် ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း အဆောင်နေ(ညအိပ်) ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နေ့လယ်ပိုင်းက ဆန်/ဆီရိက္ခာ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခဲ့ရာ ဦးမြကြွယ် MK ဆီစက်မှ ဆီ(၅) ပိဿာ၊ ဦးကျော်ကျော်ဝင်း K ဝိုင်းဆန်စက်မှ ဆန်တစ်အိတ်တို့အား အလှူရှင်များမှ ပေးအပ်လှူဒါန်း၍ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ လက်ခံရယူခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။

အခမ်းအနားသို့ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဦးနှင့် ဆရာ/ဆရာမများ၊ G-10 အဆောင်နေ (ညအိပ်) ကျောင်းသား၊ ကျောင်းသူ(၂၄) ဦး၊ G-11 ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)