ကျိုင်းတောင်း ဇွန် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဉီးစိုင်းသီဟထွန်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာပေဝါသနာရှင်တစ်ဉီးက စာရေးဆရာမောင်ခင်မင်း(ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်တွင်ပါရှိသည့် စာ ၃၉ တွင်ရှိသော မွေခံတစ်ယောက် အမွေပေးသူတစ်ရာအကြောင်းအရာကို ဖတ်ပြအကြောင်းအရာတစ်ချို့ကို ဆွေးနွေးခဲ့ပါသည်။
ထို့သို့ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက်ဗဟုသုတရစေမည့်စာစုများဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုကို(ပြန်/ဆက်)