မြိုင်ကြီးငူဒေသရှိ အခြေခံပညာကျောင်းဆောင်သစ်များဖွင့်၊ ယာယီပြောင်းရွေ့ ပညာသင်ကြားနေသော ဖာပွန်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၇၉ ဦးအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ထောက်ပံ့ငွေများပေးအပ်

လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြိုင်ကြီးငူဒေသရှိ အခြေခံပညာကျောင်းဆောင်သစ်များ ဖွင့်လှစ်ခဲ့ပြီး မြိုင်ကြီးငူဒေသသို့ ယာယီပြောင်းရွေ့နေထိုင်ပညာသင်ကြားလျက်ရှိသော ဖာပွန်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ထောက်ပံငွေများပေးအပ်ခဲ့သည်။

ဘီးလင်းမြို့၌ ခွေးရူးရောဂါအကြောင်းအသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် အာဟာရနွားနို့တိုက်ကျွေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အ.ထ.က(ဘီးလင်း)ကျောင်း​​၌ ကျောင်းသား၊ ကျောင်းသူများအား ခွေးရူးရောဂါအကြောင်းသိကောင်းစရာ ဟောပြောခြင်းနှင့် အာဟာရနွားနို့များတိုက်ကျွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းမှတ်အကြိုအဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သိရိရတနာခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ချကိရိယာ (seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ မိုးစပါးအထွက်နှုန်း တိုးပွားလာရေး မျိုးစေ့ချကိရိယာ (seeder) စနစ်ဖြင့် စိုက်ပျိုးကြရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ဒေါင်းရပ်အရှေ့ကျေးရွာ ကွင်းအမှတ် (၆၄၆) ရှိ တောင်သူ ဦးစိုးဝင်း၏ မိုးစပါးစိုက်ဧက (၆) ဧကတွင် ဂျပန်ကျွန်းရွှေဝါ မျိုးစပါးအား မိုးစပါး မျိုးစေ့ချကိရိယာ (seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။

ဝေါမြို့နယ်၌ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် စိုင်တီစု ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၌ အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဝမ်းတွင်းမြို့နယ် သင်္ဃန်းဆွဲကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက် (၃) ဖြင့်  အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က သင်္ဃန်းဆွဲကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် ဆင်ချီတိုင်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ဆင်ချီတိုင်ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့ ရွှေကျောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူများအား ဆုပေးအပ်ဂုဏ်ပြုပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာရှိ ရွှေကျောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဆုပေးအပ်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
Subscribe to