ပေါင်းတည် ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၌ အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခွန်ပညာပေးဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက တက်ရောက်လာကြသော လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ အခွန်ကောက်ခံခြင်းဆိုင်ရာသိကောင်းစရာများ၊ ကုန်သွယ်လုပ်ငန်းခွန်၊ လုပ်ငန်းရှင်များ၏ တာဝန်များ၊ အခွန်ပေးသွင်းခြင်း၊ ကြေညာလွှာတင်သွင်းခြင်း၊ ပျက်ကွက်မှုတို့အတွက် ပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောကာ လုပ်ငန်းရှင်ပြည်သူများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)