ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများရှိ ရေကြည်ရေသန့်ရှိနိုင်သည့်နေရာများတွင် အဘိတ်ဆေးများခတ်ခြင်းနှင့် ပညာပေးခြင်းတို့ကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။