ဝမ်းတွင်းမြို့နယ် ဆင်ချီတိုင်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်

ဝမ်းတွင်း ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ဆင်ချီတိုင်ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့်  အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့များမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့များမှ ရပ်ကွက်/ကျေးရွာများသို့ သတ်မှတ်ထားသောနေ့ရက်များအတိုင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာမူလတန်းကျောင်း(ဆင်ချီတိုင်)သို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  ပန်းခင်းစီမံချက်ဖြင့် အကျုံးဝင်သော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)