လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မြတ်ဆရာပူဇော်ကန်တော့ပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား လူ့လောကတိုးတက်သာယာရေးအတွက် လိုအပ်ချက်ဖြစ်သည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးအောင် လမ်းပြခဲ့သောဆရာတို့၏ ဂုဏ်ကျေးဇူးကို သိရှိစေရန်ရည်ရွယ်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ  ဘက်စုံပညာထူးချွန်ထက်မြက်စေရန် လူငယ်စကားဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး   နိုင်ငံတော်၏  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် လူငယ်စကားဝိုင်းကို  ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။

စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ဘုတ်ပြင်းမြို့၌ စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် မွေးကင်းစအရွယ်မှစ၍အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မွေးကင်းစအရွယ်မှစ၍ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက စတင်ကာ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိသည်။

ဘုတ်ပြင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပုလဲရွှေရည်ခန်းမတွင် ပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ ဝန်ဇင်းဈေး၌ ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မိတ္ထီလာမြို့ ဝန်ဇင်းဈေး၌ ပြည်သူ့သက်သာဈေး အရောင်းဆိုင်ကို ယနေ့နံနက် ၇ နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်းသိရသည်။

မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာ၌ ဆင်းဧကရီ(၃)မိုးစပါးစံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးစပါးပန်းတိုင်ဧရိယာအတွင်း စိုက်ပျိုးထားသည့် ဝမ်ပုံကျေးရွာရှိ တောင်သူ ဦးအိုက်နွန်း၏ မိုးစပါးစိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းကို အောက်တိုဘာလ  ၃ရက်နေ့ နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ အောင်မြင်စွာ ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၁၈ ရက်နေ့ကစပြီး တောင်သူများလက်ဝယ်အရောက် စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးခဲ့ရာ စက်တင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ်အတွင်းရှိ မိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးပေးရမည့် တောင်သူများအားလုံးကို အောင်မြင်စွာ ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် ထံက သိရသည်။

မိုင်းတုံမြို့ Community Centre ခန်းမ၌ ‌အသိပညာပေးဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre )ခန်းမ၌ အသိပညာပေဟောပြောပွဲနှင့် ပြိုင်ပွဲများကိုယမန်နေ့  ည‌နေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

“ပန်းခင်း”စီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “ပန်းခင်း” စီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ အောက်တိုဘာလ (၂)ရက် မွန်းလွဲ(၁)နာရီက ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်အုပ်စုရှိ ဒေသခံတိုင်းရင်းသား ပြည်သူများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Subscribe to