မိုင်းဆတ်မြို့၌ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး စာကြည့်တိုက် Activities များ ဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ယနေ့နံနက်ပိုင်းက နောင်ဘိုကျေးရွာရှိ ရောင်ခြည်သစ်စာကြည့်တိုက်သို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကာ စာကြည့်တိုက် Activities များဆောင်ရွက်ခဲ့ကြောင်း သိရသည်။