ဝေါ ဇွန် ၁၉
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် စိုင်တီစု ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးတင့်နိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က မူးယစ်ဆေးဝါးဆိုတာ ဘာလဲ၊ မူးယစ်ဆေးသုံးစွဲသူများ၏ နောက်ဆက်တွဲ အန္တရာယ်များအကြောင်းကို ပညာပေးပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ကလေးငယ်များ စာအုပ်၊ စာစောင်များကို ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိကာ ဉာဏ်ပညာဖွံ့ဖြိုး တိုးတက်ပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနိုင်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြသထားသော သုတ/ရသ စာအုပ်၊ စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)