ပျဉ်းမနားမြို့နယ်၌ အသက် (၈၅) နှစ်အထက် အသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့်‌‌ ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တောင်သာကျေးရွာအုပ်စုအတွင်းရှိ အဘိုး၊ အဘွားများအား သွားရောက်ထောက်ပံ့ခဲ့သည်။

ပေါင်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့ အစေ့ချစိုက်ပျိုးပြသခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက သဲဖြူကုန်းကျေးရွာ  တောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

ရေ၏ အ​ရေးပါပုံ၊ တန်ဖိုး၊​​ ပေး​ဝေမှုဆိုင်ရာနှင့် ​ရေဆိုးစွန့်ပစ်မှုဆိုင်ရာ အသိပညာ​ပေး​ဟော​ပြော

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် အင်ဂျင်နီယာဌာန(​ရေနှင့်သန့်ရှင်းမှု)မှ​ ရေ၏အ​ရေးပါပုံ၊​ ရေ၏တန်ဖိုး၊ ​ရေ​ပေး​ဝေမှုဆိုင်ရာနှင့်​ရေဆိုးစွန့်ပစ်မှုဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ယမန်​​နေ့​နေ့လယ်(၁၁)နာရီကအ​​ခြေခံပညာအထက်တန်း​ကျောင်း (အ.ထ.က-၁ )လသာ၊ ဗဟိုစံပြခန်းမ၌ ကျင်းပခဲ့သည်။

မော်လမြိုင်မြို့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း နံရံကပ်စာစောင် ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။

ကျုံပျော်မြို့ အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ လူအများနှင့်ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့ အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ‌ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အပတ်စဉ် Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ကွင်းဆင်းငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာများသာမက စာအုပ်/စာစောင်များမှ ပေးသော အသိပညာ/အတတ်ပညာများရရှိရေး အပတ်စဉ် Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၉) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ သဘာဝဘေးလျှော့ချရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝဘေးလျှော့ချရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှအခြေခံအိမ်ထောင်စုများအား စားအုန်းဆီသတ်မှတ်စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေအကြောင်း Talk Show ပြုလုပ်

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှအခြေခံအိမ်ထောင်စုများအား စားအုန်းဆီသတ်မှတ်စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေအကြောင်း Talk Show ပြုလုပ် မြန်အောင် ဇွန် ၁၉ ဝင်းဗိုလ်(ပြန်/ဆက်)
Subscribe to