ကျောက်မဲ ဇွန် ၁၉
ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းမှတ်အကြိုအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သိရိရတနာခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲကို "လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး" ခေါင်းစဥ်ဖြင့် ကျင်းပပြုလုပ်ရာ ကျောက်မဲမြို့နယ်ရှိ အ.ထ.က ကျောင်းများနှင့် အ.ထ.က ခွဲကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၃ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း၊ ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိင်နိုင်သူများအား ဇူလိုင် ၃ ရက်နေ့တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)