တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ခရိုင်၏ ဒေသဝမ်းစာဖူလုံစေရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် မျိုးစပါးများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်ခရိုင်၏ ဒေသဝမ်းစာဖူလုံစေရန် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာများနှင့် မိုးစပါးစိုက် အကျိုးဆောင် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစပါးများကို ယမန်နေ့ ညနေပိုင်းက မြိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဘုတ်ပြင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လူငယ်စကားဝိုင်းကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂‌၆)ရက်နေ့တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်" လူငယ်စကားဝိုင်းကို ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုပြုဌာန၊ (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အလုံမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများအား သွေးတိုးနှင့် ဆီးချိုရောဂါ စစ်ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်

ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိပြည်သူများအား သွေးတိုးနှင့် ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် တောင်ဘီလူ အခြေခံပညာအထက်တန်းကျောင်း နေမျိုးစည်သူခန်းမတွင် လူငယ်ရေးရာပညာပေး ဟောပြောပွဲကျင်းပ

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ ပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက တောင်ဘီလူ အခြေခံပညာအထက်တန်းကျောင်း နေမျိုးစည်သူခန်းမတွင် ကျင်းပကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း မျိုးစေ့ချကိရိယာ seeder ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေအား သွားရောက်ကြည့်ရှု၊ ပျံချီကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးပွဲ

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးတင့်ခိုင်ဦး၊ တောင်သူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ဧလာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၇၃၅ ရှိ တောင်သူ ဦးတင်ရွှေ၏ လယ်ဧက သုံးဧကအား မျိုးစေ့ချကိရိယာ seeder ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး မြို့နယ်အတွင်းရှိ တောင်သူများအားလုံး ယခုကဲ့သို့ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။         

ကွမ်းခြံကုန်းမြို့နယ်၌ တိုင်းရင်းဆေးများဖြင့် ရွာသူ၊ ရွာသားများအား (အခမဲ့) ကွင်းဆင်းကုသ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ယမန်နေ့က တိုင်းရင်းဆေးပညာဖြင့် မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာ၌ (အခမဲ့) ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်၊၊

သာကေတမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

တောင်ငူမြို့၌ အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်သော ယိုးဒယားအလှဆွဲခြင်းပြုလုပ်နည်း သင်တန်းအခမဲ့ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ပူးပေါင်း၍ တောင်ငူမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်ဖြစ်သော ယိုးဒယားအလှဆွဲခြင်း ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဖွင့်လှစ်သည်။

ဟားခါးပညာရေးဒီဂရီကောလိပ်မှ  ကျောင်းသား၊  ကျောင်းသူများအား  Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ဟားခါးပညာရေးဒီဂရီကောလိပ်မှ  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား  Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်  ၉ နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လူထုလှုပ်ရှားမှုအသွင်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုူင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to