ဘီးလင်း ဇွန် ၁၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အ.ထ.က(ဘီးလင်း)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ခွေးရူးရောဂါအကြောင်းသိကောင်းစရာ ဟောပြောခြင်းနှင့် အာဟာရနွားနို့များတိုက်ကျွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက အိမ်မွေးတိရစ္ဆာန်များမှ ခွေးရူးရောဂါကူးစက်ပြန့်နှံ့ပုံများနှင့် ကာကွယ်ရန်နည်းလမ်းများစသည့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး မူလတန်းအဆင့်ကျောင်းသား၊ကျောင်းသူများအား ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နို့ပေါင်းစက်ရုံမှထွက်ရှိသည့် နွားနို့ဘူး(၃၀၀)ကို တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)