လားရှိုးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လယ်မြေအချို့ ရေနစ်မြုပ်မှု ဖြစ်ပွား
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် နမ့်ယော်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားကာ လယ်မြေအချို့ ရေနစ်မြုပ်ခံခဲ့ရကြောင်း သိရသည်။