ပေါင် ဇွန် ၂၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၃/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းက ပြည်နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နေကြသည့် စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်မားလာပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများလက်ဝယ်သို့ သိပ္ပံနည်းကျ စိုက်ပျိုးစနစ်များ ဖြန့်ဝေပညာပေးနိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း အမှာစကားပြောကြားပြီး သင်တန်းကို စတင်ခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၃/၂၀၂၄)ကို သင်ခန်းစာ (၁၂)ခုဖြင့် သင်တန်းဆရာ (၅)ဦးက သင်တန်းသား (၃၀) ဦးကို (၂)ရက်ကြာ သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)