မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဌာနတွင်းဝန်ထမ်းများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁) နာရီက စာဖတ်ဝိုင်းကျင်းပသည်။

မော်လမြိုင်မြို့၌ (၁၈၉)ကြိမ်မြောက် မြို့လုံးကျွတ်သံဃာတော်၊ သီလရှင်(၈၀၂၅)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဆွမ်းဆန်စိမ်း လောင်းလှူ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးနှင့် ပစ္စည်းလေးပါးအဆင်ပြေစေရေး၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရေးအတွက် မော်လမြိုင်မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုအခါ(၁၈၉)ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။

စစ်ကိုင်းမြို့ ရွှေမင်းဝံ (အ.ထ.က) ကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ ရွှေမင်းဝံ၊ အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးဟောပြောပေးခဲ့ကြောင်း သိရသည်။

ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တမူးမြို့တွင် သီတင်းကျွတ်ပွဲတော် အပျော်တမ်းဖူဆယ် (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် သီတင်းကျွတ်ပွဲတော် အပျော်တမ်းဖူဆယ် (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ(၁၁) ရက်နေ့ ညနေ (၄း၃၀) နာရီအချိန်က ဗောဓိတောရကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်းသိရသည်။

မြစ်သားမြို့နယ်တွင် သပြေငုတ်(အောင်ပြေ) ပင်များစိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေးအဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရွှေပေါ်ကျွန်းကျေးရွာအုပ်စုကွင်း၌ သပြေငုတ် (အောင်သပြေ)ပင်များအား စမ်းသပ်စိုက်ပျိုးရာမှ စိုက်ပျိုးမှုဖြစ်ထွန်းကာ စျေးကွက်ဝင်အရောင်းတွင်ကျယ်သည့်အတွက် စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ရေရရှိရန် အဝီစိတွင်းတူးခြင်းနှင့် ပတ်သက်သည်များကို ဆွေးနွေးခြင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်

မိုင်းခုတ် အောက်တိုဘာ ၁၂ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်ပညာရေးမှူး ဦးအောင်ဇော် Malteser International (မာလ်တေဆာ အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေးအဖွဲ့) ဒေါက်တာ သက်စုအောင် ဦးဆောင်သော အလှူရှင်အဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်များက ယမန်နေ့ နေ့လည်(၁:၀၀)နာရီအချိန်က ရေရရှိရန် အဝီစိတွင်းတူးဖော်ခြင်းနှင့် ပတ်သက်သည်များကို ဆွေးနွေးပြီးနောက် ရေရရှိပါက ရေလှောင်ကန်၊ လက်ဆေးဘေစင်နှင့် အမှိုက်မီးရှို့ကန်ကိုပါ ပြုလုပ်ပေးမည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းးမြို့နယ်၊ ချောင်းကမ်းကြီးကျေးရွာအုပ်စု၊ ချောင်းကမ်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ယမန်နေ့က ပုတီးမြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဖိတ်ကြားထားသော တောင်သူများတက်‌ရောက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

မိုင်းကိုင်မြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၏ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း အစုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွင် စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူရောင်းချမှု ညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူရောင်းချမှု ညှိနိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရေနံလုပ်ငန်းရှင် ကုမ္ပဏီများ၊ စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
Subscribe to