ကျိန္တလီ ဇွန် ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အ.ထ.က ကျိန္တလီကျောင်းမှ ဆရာ/ဆရာမများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများအား စာပေဖတ်ရှုနိုင်စေရေး၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သုတ/ရသ စာအုပ်များကို စာဖတ်ပရိသတ်အကြိုက် ငှားရမ်းပေးခဲ့သည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိန္တလီ(ပြန်/ဆက်)