စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိရာ တောင်သူများစိုက်ပျိုးသော သီးနှံများ၏ အထွက်နှုန်းတိုးတက်ရေး၊ သိပ္ပံနည်းကျစိုက်ပျိုးသည့် နည်းစနစ်များ လိုက်နာကျင့်သုံးရေး၊ ဝင်ငွေတိုးပွားရေးအတွက် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးရေး၊ တောင်သူကိုယ်တိုင် မျိုးစေ့ထုတ်လုပ်ရေးစသည့် နည်းပညာများကို ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အမှတ်(၂၃) စက်မှု လယ်ယာဦးစီးဌာနမှ ကျင်းပသော တံတားဦးမြို့နယ် စကားအင်းကျေးရွာ ကွင်းအမှတ်(၁၃၄၄)၊ ဦးပိုင်အမှတ်(၁၀၀/၃၀)၊ တောင်သူဦးဇော်မင်းဦး၏ မြေဧရိယာအတွင်း မိုးနေကြာအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းနှင့် Self Propeller Boom Sprayer ဖြင့်ဆေးဖျန်းခြင်း သရုပ်ပြပွဲ ကျင်းပကြောင်း သိရသည်။