စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အနောက်ဘက်ကန်သာယာကန်အား သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန် သာယာကန် အဆင့်မြှင့်တင်ရေး လုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အနောက်ဘက်ကန်သာယာ ကန်ပတ်လမ်း အရှည် - ၅၅၀၀ ပေ၊ အကျယ် - ၁၈ ပေ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြေထိန်းနံရံလုပ်ငန်း၊ လျှပ်စစ်မီးတိုင်များ တပ်ဆင်ခြင်း လုပ်ငန်း၊ ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လုပ်ငန်းများနှင့် စတီးလက်ရန်းများ တပ်ဆင်သွားမည့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။