ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများ၊ သာသနာ့တက္ကသိုလ်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ-ရိုမန်)အက္ခရာ နှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်စာအုပ်များလှူဒါန်း
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများ၊ သာသနာ့တက္ကသိုလ်ကြီးများနှင့်ဘုန်း တော်ကြီးကျောင်းများသို့ ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ-ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်စာအုပ်များ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) ရပ်ကွက်ရှိ ဇေယျဝတီစာသင်တိုက်ကြီးတွင် လှူဒါန်းဆက်ကပ်ခဲ့ကြောင်း သိရသည်။