ညောင်တုန်း ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၇)ရပ်ကွက်ရှိ မဟာဝိသုတာရာမတိုက်သစ် (ပါဠိတက္ကသိုလ်)ကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဇော်မင်းထွေး၊ အဖွဲ့ဝင် (၂)ဦးဇော်လွင်၊ အတွင်းရေးမှူး ရဲမှူးကျော်မျိုးထက်၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမင်းအေးချမ်းဇွန်နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်းအင်အား (၃၅၀)ခန့်တို့က ပန္နက်အကွာအဝေး ၆×၆ အကွာအဝေဖြင့် ကျွန်း (၈၀)ပင်၊ ပျဉ်းကတိုး(၂၀)ပင်၊ မန်ဂျန်ရှား(၈၀)ပင်၊ မဟော်ဂနီ(၈၀)၊ ယူကလစ်(၈၀)ပင်၊ ခရေ (၁၅)ပင်၊ စိန်ပန်း(၁၅)ပင် စုစုပေါင်းအပင် (၃၅၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
မြို့နယ် (ပြန်ဆက်)