ငါန်းဇွန် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဇွန်လအတွက် အငြိမ်းစား ပင်စင်လစာငွေများကို (၂၁-၆-၂၀၂၄) ရက် နံနက် (၀၅;၁၅ )နာရီအချိန်က စတင်ကာ အငြိမ်းစား ပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများက ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်မှ လာရောက်ထုတ်ယူ ကြရာ ယနေ့ မွန်းလွဲ ၁ နာရီအထိ ပင်စင်လစာ ထုတ်ယူသူ အငြိမ်းစားဝန်ထမ်း (၃၃၀) ဦး လာရောက် ထုတ်ယူခဲ့ကြောင်း၊ ပင်စင်လစာများကို မြို့ပြပင်စင်စား၊ ကာကွယ်ရေးပင်စင်စား၊ နိုင်ငံရေးပင်စင်စားများ လာရောက်ထုတ်ယူခဲ့ပြီး မြို့နယ်အတွင်းပင်စင်စားဦးရေ စုစုပေါင်း(၆၆၁) ဦးရှိကြောင်းနှင့် လစဉ် (၂၁) ရက်နေ့နှင့် (ရုံးပိတ်ရက်များမှအပ) ရုံးဖွင့်ရက်များ၌ နံနက် (၀၅;၁၅) နာရီမှ နေ့လည်(၁၄ ၀၀) နာရီ အချိန်အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နာမကျန်း အငြိမ်းစားပင်စင်စားများကို ပင်စင်လစာ ထုတ်ယူနိုင်စေရန် ကိုယ်စားလှယ် လွှဲစာဖြင့် ကိုယ်စားထုတ်ပေးလျက်ရှိပြီး ကိုယ်စားလှယ်ဖြင့် ထုတ်ယူမှု လများလာပါက Video Call ဖြင့် ခေါ်ယူစစ်ဆေး၍ ကိုယ်စားလှယ်ဖြင့် ပင်စင်လစာ ထုတ်ပေးခြင်း၊ အိမ်တိုင်ရာရောက် သွားရောက်စစ်ဆေး၍ သက်ရှိထင်ရှားရှိကြောင်း မှန်ကန်ပါက ပင်စင်လစာထုတ်ပေးခြင်းများ ဝန်ဆောင်မှုပေးသည့်အပြင် Online မှလည်း ပင်စင်လစာထုတ်ယူခွင့် လျှောက်လွှာတင်ပြပြီး ထုတ်ယူနိုင်ခွင့်ရအောင် မြန်မာ့စီးပွားရေးဘဏ်မှ အကျိုး ဆောင်ဝန်ဆောင်မှု ပြုလုပ်ပေးထားကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)