အုတ်တွင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေး

အုတ်တွင်း ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ စီစဥ်မှုဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီပြီး ၎င်းတို့၏ ကျန်းမာရေးအဆင့် တိုးတက်မြင့်မားလာစေရန်၊ ရောဂါရှိသော်လည်း ရောဂါလက္ခဏာမပြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများတွင် ရောဂါရှာဖွေစစ်ဆေးခြင်းဖြင့် ရောဂါများကို စောစီးစွာ ရှာဖွေတွေ့ရှိ ကုသနိုင်ပြီး ပိုမိုပြင်းထန်သောရောဂါများနှင့် နောက်ဆက်တွဲပြဿနာများကို ရှောင်လွှဲနိုင်စေရန်၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျစိုက်ထုတ်ရမှု လျော့ကျစေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးအဖွဲ့များက အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပဏာမကျန်းမာရေးစစ်ဆေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကုသရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စနစ်တကျ လွှဲပြောင်းဆောင်ရွက်ရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)