ရမည်းသင်း ဇွန် ၂၁
တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးစရိတ် လိုအပ်ချက်ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် လုပ်ကွက်ငယ်တောင်သူလယ်သမားများကို နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မှ ၂၀၂၄ ခုနှစ်မိုးရာသီ၊ သီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မေ၂၀ ရက်ကစတင်၍ ထုတ်ချေးပေးလျက်ရှိပြီး ယနေ့ နံနက် ၉ နာရီက ဥသျှစ်ကုန်းကျေးရွာအုပ်စုမှ တောင်သူများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းခရိုင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရန် ကျေးရွာအုပ်စု (၆၅)အုပ်စု၊ မိုးစပါးလျာထား (၅၇၆၁၆) ဧက၊ အခြားယာသီးနှံ လျာထား(၆၃၅၇၆)ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ်သိန်းပေါင်း (၁၅၀၀၀၀) ထုတ်ချေးပေးနိုင်ရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ထွေးထွေးသိန်း ထံမှ သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ဇွန် ၂၁ ရက်နေ့ထိ ကျေးရွာအုပ်စု (၇)တောင်သူများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေးနိုင်ခဲ့ပြီး မြို့နယ်အတွင်း ကြွေးဟောင်းပြေကြေသည့် တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ချေးငွေစည်းမျဉ်းစည်းကမ်းနှင့် အချိန်မီ ထုတ်ချေးပေးခဲ့ကာ အတိုးနှုန်းကို ငွေတစ်ရာကျပ်လျှင် တစ်နှစ် ၅ ရာခိုင်နှုန်း အတိုးကောက်ခံပြီး စပါးတစ်ဧက ကျပ် (၁၅၀၀၀၀)နှုန်း၊ အခြားယာသီးနှံ တစ်ဧက ကျပ်တစ်သိန်းနှုန်း ထုတ်ချေးပေးလျက်ရှိကြောင်း သတင်းရသည်။
ခရိုင် (ပြန်/ဆက်)