မြင်းခြံ ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မြို့နယ်အတွင်း နေထိုင်သူများ အတည်ပြု လူဦးရေစာရင်း မှန်ကန်စေရေး အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများ ရေးသွင်းခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း နေထိုင်သူများ အတည်ပြု လူဦးရေစာရင်း မှန်ကန်စေရေး အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများ ရေးသွင်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပူးပေါင်း၍ ကွန်ပျူတာဖြင့် စာရင်းများ မှားယွင်းမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြို့နယ်ဦးစီးမှူး ဒေါ်စုလှိုင်ထွန်းတို့က လူဦးရေစာရင်း ရေးသွင်းခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးခဲ့ကြပြီ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများ ရေးသွင်းခြင်း မှားယွင်းမှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)