ရမည်းသင်းမြို့နယ်၌ ရာသီဥတုညွှန်းကိန်းသီးနှံ အာမခံအကြောင်း အသိပညာ‌ပေးဟောပြောပွဲ ကျင်းပ

ရမည်းသင်း ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မြန်မာ့အာမခံလုပ်ငန်း(ရမည်းသင်း)နှင့် ရမည်းသင်းခရိုင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တို့ပူးပေါင်း၍ ရာသီဥတုညွှန်းကိန်းသီးနှံ အာမခံအကြောင်း အသိပညာပေးဟောပြောပွဲနှင့် သီးနှံအာမခံလုပ်ငန်းများ လက်ခံဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် မြန်မာ့လယ်ယာဖွံဖြိုရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာ့အာမခံလုပ်ငန်း ရမည်းသင်းခရိုင်တာဝန်ခံ ဒေါ်သဇင်ကြည်က ရာသီဥတုညွန်းကိန်း သီးနှံအာမခံအကြောင်း ရှင်းလင်းပြောကြားပြီး မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ရမည်းသင်းခရိုင်မန်နေဂျာ ဒေါ်ထွေးထွေးသိန်းက ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ချေးငွေထုတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီ အချိန်မီ ထုတ်ချေးပေးခြင်းကို ချေးငွေထုတ်တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။      

ဆက်လက်၍ ရမည်းသင်းမြို့နယ် ဥသျှစ်ကုန်းအုပ်စုရှိ မိုးစပါးစိုက်တောင်သူ (၁၆၁)ဦးတို့အား သီးနှံအာမခံလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)