ကျောက်တန်း ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(သော်က)၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဒုမီးသတ်ဦးစီးမှူး ဒေါ်စုစုဇင်မှ သဘာ၀ဝဘေးအန္တရာယ်ဆိုင်ရာများ ချပြရှင်းလင်းခြင်း/ဆောင်ရန်/ရှောင်ရန်/လိုက်နာရန်အချက်များ ဆွေးနွေးပြောကြားပြီး ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်သူရမျိုးမှ ရှာဖွေ/ကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာတစ်မျိုးခြင်းအလိုက် သုံးစွဲမှုအား တပ်ဖွဲ့ဝင်များနှင့်အတူ ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းသား/သူ ၂၀၀ ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များမေးမြန်းခဲ့ကြကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)