ပေါင်းတည် ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့တွင်းလမ်းများအား အဆင့်မြှင့်တင်ခင်းကျင်းရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုရက်သတ္တပတ်အတွင်း၌စျေး (၁) ရပ်ကွက်ရှိ ၁၀ လမ်းအား ကတ္တရာလမ်းမှ ကွန်ကရစ်လမ်းသို့အဆင့်တိုးမြှင့်ခင်းကျင်းလျက်ရှိသည်။
ထို ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုသည် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေမှ ငွေကျပ် ၃၃ ဒဿမ ၇၇ သန်း အကုန်ကျခံကာ လမ်းအရှည် ၅၄၀ ပေ၊ အကျယ် ၁၂ ပေနှင့် အမြင့် ၈ လက်မရှိသည့် ကွန်ကရစ်လမ်းကို အကောင်အထည်ဖော် ခင်းကျင်းနေခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ရွှေသား(ပြန်/ဆက်)