တန့်ယန်းမြို့နယ်တွင် တရားမဝင်ကုန်ပစ္စည်းများတားဆီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တန့်ယန်း ဇွန် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်နှင့် မြို့နယ်အဆင့် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄) အား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)