မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး တံခွန်စိုက် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကျင်းပ

မိုးညှင်း ဇန်နဝါရီ ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ယနေ့နံနက် (၉) နာရီက တက္ကသိုလ်ဘက်စုံ သုံးအားကစားခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး တံခွန်စိုက် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများ ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်းသို့ နေရာယူကြပြီး မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အဆိုပါပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားကာ ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်များကို သံပြိုင်ရွတ်ဆိုကြပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက အားကစားသမားများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကြကာ ကွင်းအတွင်းမှပြန်လည် ထွက်ခွာခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အုပ်စုအလိုက် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကြရာတွင် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြကာ အဆိုပါ ပြိုင်ပွဲတွင် အမျိုးသားအသင်း (၅) သင်းနှင့် အမျိုးသမီးအသင်း (၆) သင်း စုစုပေါင်း (၁၁) သင်း၊ ပြိုင်ပွဲဝင်အားကစားမားများ စုစုပေါင်း (၁၃၁) ဦးတို့ပါဝင်ကြပြီး အုပ်စုလိုက်အသင်းပတ်လည် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း၊ ၎င်းပြိုင်ပွဲကို ဇန်နဝါရီလ (၂၈) ရက်မှ ဇူလိုင်လ (၁) ရက်အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း