တန့်ယန်း ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄)ကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ညှိနှိုင်းအစည်းဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ခရိုင်နှင့် မြို့နယ်ဆင့်တို့မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်တင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင်က လုပ်ငန်းဆိုင်ရာများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)